ဖာတီမာမြို့မှမယ်တော်မာရီယာသည် ကတ်သလစ်ဘာသာမှ တရားဝင် အသိအမှတ်ပြုထားသော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်၏။ ပေါ်တူဂီနိုင်ငံရှိ ဖာတီမာမြို့လေးတွင် မယ်တော်မာရီယာက ထွက်ပေါ်ခဲ့သည် ဟုဆို၏။ ဤဖြစ်ရပ်အား Roman Curia မှ တရားဝင် လက်ခံထားပြီး တတိယမြောက် နမိတ်တော်အား နောက်ပေါင်းများစွာ လျှို့ဝှက်ဖုန်းကွယ် ထားခြင်းသည် အခြားသော ဖြစ်ရပ်ဆန်းများနှင့် မတူသော အချက်ပင်ဖြစ်၏။
၁၉၁၆ခု ဆောင်းဦးပိုင်းဖြစ်၏။ ငြိမ်းချမ်းရေး တမန်တော်ဟု အမည်ဖြင့် လူငယ်တစ်ဦးသည် ဖာတီမာ မြို့လေးရှိ ကလေးသူငယ် သုံးယောက်၏ ရှေ့သို့ရောက်ရှိလာခဲ့၏။ တမန်တော်သည် ကလေးများအား ဆုတောင်းနည်းနှင့် ဝတ်ပြုနည်းတို့အို သင်ကြားပေးခဲ့၏။ ထို့နောက်တွင်လည်း မကြာခဏဆိုသလို ကလေးများဆီသို့ ထိုတမန်တော်သိ လာရောက်ခဲ့သည်ဟု ဆိုသည်။
၁၉၁၇ခု ၅လ ၁၃ရက်၊ဖာတီမာမြို့ရှိ ကလေးများရှေ့သို့ အမျိုးသမီးတစ်ဦးရောက်ရှိလာပြီး၊ လစဉ် ၁၃ရက်နေ့တိုင်း ထိုနေရာသို့ မပျက်မကွက် လာရောက်ရန်မှာကြားခဲ့၏။ ထိုကလေးငယ်များသည် အခက်အခဲများအမျိုးမျိုးကြားမှ မယ်တော် မာရီယာဟု အမည်ရသော အမျိုးသမီးထံသို့ မပျက်မကွက်သွားရောက် တွေ့ဆုံခဲ့ပြီး မယ်တော်မာရီယာ ထံမှ နမိတ်များအား သင်ကြားခံယူခဲ့သည်ဟု ဆိုသည်။
မယ်တော်မာရီယာ၏ နမိတ်များမှာ အဓိကအားဖြင့် ၃ခု ရှိပါသည်။
ပဋ္ဌမမြောက် နမိတ်တော် (ကမ္ဘာစစ်ကြီး၏ အဆုံးနှင့် အစ)
မယ်တော်မာရီယာသည် ပဋ္ဌမမြောက် နမိတ်တော်အနေဖြင့် ပဋ္ဌမကမ္ဘာစစ်ကြီးသည် ပြီးဆုံးတော့မည် ဖြစ်ကြောင်း။ သို့ရာတွင် ပြည်သူပြည်သားများက မိမိရဲ့ မကောင်းမှု့များအား နောင်တရကာ ပြုပြင်ပြောင်းလည်းခြင်း မရှိပါက ဒီထက်ဆိုးတဲ့ စစ်ကြီးကို ဖြစ်ပွားစေမှာဖြစ်ပြီး၊ အတော်များများဟာ အသက်ဆုံးရှုန်းရမည် ဖြစ်ပြီး၊ ငရဲလားမည် ဖြစ်ကြောင်း။ ဒီနမိတ်ရဲ့ ကြိုတင် လက္ခဏာအနေနဲ့ ဥရောပတခွင်မှာ ထူးဆန်းတဲ့ အလင်းရောင်တွေကို တွေ့မြင်ရမယ်ဟု ပြောကြားခဲ့၏။
ဒုတိယမြောက် နမိတ်တော် (ငရဲပြည်ဟာတည်ရှိကြောင်း)
ယနေ့ခေတ်လူ အတော်များများဟာ မကောင်းမှု့များ ပြုလုပ်ခြင်း၊ ကြံစည်ခြင်းတို့ကြောင့် သေလွန်ပြီးတဲ့နောက်မှာ ငရဲပြည်ကို သွားကြရမှာဖြစ်တယ်။ လောဘမောဟတွေနဲ့ ဖုန်းလွှမ်းနေတဲ့ ယနေ့ခေတ်ရဲ့ မကောင်းမှု့တွေမှ လွတ်ကင်းနိုင်ခြင်းမရှိသ၍ သေလွန်ပြီးတဲ့နောက်မှာ ငရဲပြည်သို့ ထာဝရသွားရမည် ဖြစ်ကြောင်း။ လက်တွေ့ပြသည့်အနေဖြင့် ၇လ ၁၃ရက်နေ့တွင် မယ်တော်မာရီယာသည် ထိုကလေးသုံးယောက်အား ငရဲပြည်သို့ ခေါ်ယူပြသခဲ့၏။ ကလေးသုံးယောက်လည်း ငရဲပြည်၏ ထိတ်လန့်တုံလှုပ်ဖွယ် ပုံရိပ်များကြောင့် အလွန် ကြောက်လန့် တုန်လှုပ်ခဲ့ရသည် ဟုဆိုသည်။ ငရဲပြည်သည် ပုံပြင်ထဲမှာသာမဟုတ် လက်တွေ့တည်ရှိကြောင်း၊ လူတိုင်းဟာ သေလွန်ပြီးနောက်တွင် သွားနိုင်ဖွယ်ရှိပြီး၊ သွားပြီးနောက် ပြန်ထွက်ဖို့ အကြောင်းမရှိကြောင်း သိရှိစေခဲ့သည်။
တတိယနောက် နမိတ်တော် (လျှို့ဝှက်ချက်)
မယ်တော်မာရီယာသည် တတိယမြောက် နမိတ်တော်အား ကလေးငယ် လုရှားအား ပြောကြားခဲ့ပြီး ၁၉၆၀ခု အထိ လျှို့ဝှက်ထားရန် မှာကြားခဲ့၏။ ထိုစကားအား ဖာတီမာ၏ တတိယမြောက် လျှို့ဝှက်ချက်ဟုခေါ်ဆိုခဲ့ပြီး၊ လုရှားမှ တဆင့် Roman Curia ဆီသို့ အကြောင်းကြားခဲ့သော်လည်း ၁၉၆၀ခု ကျော်သည်အထိ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပဲ သက္ကရာဇ် ၂၀၀၀ အရောက်တွင် ထုတ်ပြန်ခဲ့၏။ ၁၉၈၁ခု ၅လပိုင်း ၁၃ရက်နေ့တွင် ဖြစ်ပွားခဲ့သော အရှေ့ဥရောပအစိုးရ၏ လုပ်ကြံရန်ကြံစည်မှု့ အကြောင်းဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီး John Paul 2 မှ ပြောကြားခဲ့၏။
နောက်ပိုင်းတွင် ကက်သလစ်ဘုရားကျောင်း Roman Curiaမှ အထက်ပါဖြစ်ရပ်ဆန်းများအား တရားဝင် အသိအမှတ်ပြုခဲ့ပြီး ၅လ ၁၃ရက်နေ့အား ဖာတီမာတွင် မယ်တော်မာရီယာ ထွက်ပေါ်ခဲ့သည့် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့လေသည်။ တွေ့မြင်ခဲ့သည့် ကလေးငယ် သုံးဦးအနက် ဖရန်စစ်စကို မာတိုနှင့် ဂျရှန်တာ မာတိုတို့သည် များမကြာခင်မှာပင် မယ်တော်မာရီယာ၏ နမိတ်တော်အတိုင်း ရောဂါဖြင့် သေဆုံးခဲ့ပြီး၊ သက္ကရာဇ် ၂၀၀၀အရောက်တွင် ပုပ်ရဟန်းမင်းကြီး John Paul 2 ကိုယ်တိုင် သွားရောက် ဝတ်ပြုခဲ့၏။ နောက်ဆုံးကျန်ရစ်သူ စစ္စတာ လုရှာမှာမူ သာသနာပြု သီလရှင် အဖြစ်ခံယူခဲ့ပြီး ၂၀၀၅ခု ၂လပိုင်း ၁၃ရက်နေ့ အသက် ၉၇နှစ်မြောက်တွင် ကွယ်လွန်ခဲ့ပါသည်။ ဤဖြစ်ရပ်ဆန်းများနှင့်တကွ Roman Curia မှ အသိအမှတ်ပြုမှု့တို့ကြောင့် ဖာတီမာသည် ကက်သလစ်ဘာသာဝင်များ အကြားတွင် ယနေ့တိုင် ထင်ရှားသော ဝတ်ပြုနယ်မြေတစ်ခု ဖြစ်လာခဲ့ပါသည်။