Monday, September 24, 2012

ယုံချင်ယုံ မယုံချင် ပုံပြင်လို့မှတ်

လျှို့ဝှက်ခြင်းတို့သည် လူသားများ၏ သိလိုစိတ်ကို နှိုးစွလေ့ရှိ၏။ သိလိုသော လူသားများသည် သူတို့၏ စိတ်ကူးဖြင့် လျှို့ဝှက်မှု့တို့ကို ပုံဖော်လေ့ရှိ၏။ ရန်ဖန်ရံခါ စုံတောက် ဇာတ်လမ်းများသည် စာအုပ်ကို ဖက်ရသည်က ရုတ်ရှင်ကြည့်ရသည်ထက် ပိုကောင်းတတ်၏။ အကြောင်းမှာ ကျွှန်တော်တို့လူသားများသည် ကျွှန်တော်တို့ထင်ထားသည်ထက် ပို၍ စိတ်ကူးကောင်း သောကြောင့်ဖြစ်၏။

သိပ်မသိသောအရာကို စိတ်ကူး၍ပုံဖော်ပြီး နားလည်လေ့ရှိသောကြောင့် ဖြစ်၏။ ရုပ်ရှင်ကြည့်သောအခါ သိပ်ပြီး စိတ်ကူး၍မရပေ။ သတ်မှတ်ပြီးဖြစ်သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် လူတို့သည်လျှို့ဝှက်၍ နက်နဲသောအရာတို့တွင် စိတ်ဝင်စားမှု့ရှိသည်မှာ နားလည်လောက်ပြီဖြစ်၏။

ကျွှန်တော်သည်လည်း လူသားထဲကလူသားတစ်ယောက် ဖြစ်သောကြောင့် ပြင်းသော အရက်နှင့် လျှို့ဝှက်သော ကိစ္စများကို အလွန် စိတ်ဝင်စားပါသည်။ ကျွှန်တော်သည် ယနေ့ခေတ် ပညာများကိုလည်း သင်ကြားခဲ့သူ၊ သိပ္ပံပညာ နှင့်ပတ်သက်၍လည်း တည်းမိခေါက်မိ ရှိသူ တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့် အခြားသူတွေပြောသလို ဟက်ချလောင်း တွေကိုလည်း မယုံကြည်ချင်ပေ။ လေ့လာမည်၊ ရှာဖွေမည်၊ တွက်ချက်မည်၊ ရရှိသည့် အချက်အလက်များအပေါ် မှုတည်၍ ပုံဖော်သွားချင်ပါသည်။ သေချာသည့် နောက်တစ်ချက်မှာ ကျွှန်တော်တို့ လူသားတွေ မြင်နိုင် ကြားနိုင်သည်မှာ လွန်စွာ ကျဉ်းမြောင်းလှပါသည်။ လူတစ်ယောက်က မြင်နိုင်သည်မှာ 380nm - 780nm အတွင်းဖြစ်၏။ အကယ်၍ လူတစ်ယောက်သည် 1pm - 10nm အတွင်း မြင်နိုင်စွမ်းရှိပါက သူသည် XRay ကဲ့သို့ အရာရာကို ထိုးဖောက် မြင်နိုင်မည် ဖြစ်သည်။ တဖန် ကြားနိုင်သည်မှာလည်း 20-20000Hz(1.7cm-17cm) အတွင်းသာရှိ၏။ ထို့ထက်ပိုသွားပါက ကျွှန်တော်တို့ သာမန်လူများသည် မြင်နိုင် ကြားနိုင်တော့မည် မဟုတ်ပေ။

တဖန် ကျွှန်တော်တို့ရဲ့ ဦးနှောက်သည်လည်း သူထင်လိုရာကို ထင်တတ်သော သဘာဝရှိ၏။ အောက်ပါပုံကို ကြည့်ပါ။ အကယ်၍ ဖန်ခွက်တစ်ခွက်ဟု ကြည့်ပါက လူနှစ်ဦး မျက်နှာချင်းဆိုင်နေသည်ကို မြင်မည်မဟုတ်။ အလားတူစွာပင် လူနှစ်ဦးအား တွေ့ပြီးပါက ဖန်ခွက်ကို မြင်နိုင်မည် မဟုတ်။


တဖန် အောက်ပုံကိုကြည့်ပါ။ သေသေချာချာ ကြည့်ပါက မဖြစ်နိုင်မှန်းသိပါလိမ့်မည်။ သို့ရာတွင် ရုတ်တရက် ဆိုပါက သူ့ဘာသာသူ ဟုတ်နေပါလိမ့်မည်။






ဤကဲ့သို့ပင် ကျွှန်တော်တို့သည် ဘယ်အရာမှန်သည်ဘယ်အရာမှားသည် ဆိုသည်ကိုဆုံးဖြတ်ရန်မှာ တကယ်ဆို အတော်လေးကို ခက်ခဲပါသည်။ ထို့အပြင် ကျွှန်တော်တို့ ယုံကြည်ခဲ့သော လေ့လာခဲ့သော ဘယ်သူမှ သံသယမရှိခဲ့ဘူးသော သင်္ချာဘာသာရပ်သည်ပင် စစ်မှန်သော အကြောင်းအရာ မဟုတ်သောကြောင့် ဖြစ်၏။

ကျွှန်တော်တို့သည် သုညနှင့် တစ်ကို လူတိုင်းသိကြ၏။ သုညဆိုတာဘာလဲ၊ တစ်ဆိုတာဘာလဲ ကလေးကိုမေးရင်တောင် အဖြေပေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် သုညဆိုသည့်အရာသည် တိကျမှု့မရှိ။ အကဲ၍ ဘာမှမရှိသည့် အခြေအနေတစ်ခုကို သုညဟုသတ်မှတ်ပါကဟု အနေအထားတစ်ခုကို ကိုယ်စားပြုနေခြင်းသာဖြစ်၏။

အကဲ၍ ကျွှန်တော်တို့ ထင်ခဲ့သော သုညသည် သုညမဟုတ်တော့လျှင်၊ တစ်သည်တစ် မဟုတ်တော့လျှင် လက်ရှိ အနေအထားသည် အလွန်ပင် ကမောက်ကမဖြစ်မည်မှာ လွဲမည်မဟုတ်။

အဲ့ဒီအတွက် ကျွှန်တော်သည် ဤဘလောဂ်ဖြင့် သဘာဝကျခြင်း မကျခြင်းကို စဉ်းစားမည်မဟုတ်။ လျှို့ဝှက်၍ စိတ်ဝင်စားစာရာကောင်းသော အရာများကို စိတ်ကူးရှိသ၍ ရှာဖွေစဉ်းစားသွားပါမည်။


လေးစားစွာဖြင့်
မင်းလွင်